အသားအရေရဲ့ အကာအကွယ်လွှာ (Skin Barrier) ပျက်စီးခြင်းနဲ့ ရေဓာတ်၊ ဆီဓာတ် ခမ်းခြောက်ခြင်းတို့ကြောင့် ဖြစ်ပေါ်လာတဲ့ ပြဿနာတွေကို ထိရောက်စွာ ကုသပေးနိုင်တဲ့ Jeju Skin Whitening Toner ဟာ အသားအရေကို အစိုဓာတ် အပြည့်အဝ ပြန်လည်ဖြည့်တင်းပေးပါတယ်။ ချွေးပေါက်များကို သန့်စင်ပေးနိုင်တဲ့အပြင် အသားအရေကို တင်းရင်းဝင်းပစေတဲ့ အာနိသင်ကိုလည်း ပေးစွမ်းနိုင်ပါတယ်။
Arbutin ဓာတ်က အသားအရေကို သိသိသာသာ ဝင်းပလာစေပြီး အမည်းစက်တွေကို မှေးမှိန်စေတဲ့အပြင် အမာရွတ်တွေရဲ့ အသွင်အပြင်ကိုလည်း သက်သာစေပါတယ်။
ကျယ်နေတဲ့ ချွေးပေါက်တွေကို ရေဓာတ်အပြည့်အဝ ဖြည့်တင်းပေးပြီး အသားအရေကို ပြန်လည်တင်းရင်း ချောမွေ့လာအောင် ကူညီပေးပါတယ်။
ပါဝင်တဲ့ Antioxidant အာနိသင်တွေက ပတ်ဝန်းကျင်ကြောင့် ဖြစ်ပေါ်တတ်တဲ့ အသားအရေ ပျက်စီးမှုတွေကို ကာကွယ်ပေးပြီး အရွယ်တင်နုပျိုစေကာ အသားအရေကို ပိုမိုတင်းရင်းစေပါတယ်။
ပုံမှန်၊ ခြောက်သွေ့၊ အဆီပြန် နှင့် Combination Skin ရှိသူများ
ချွေးပေါက်ကျယ်သူများ
မျက်နှာ အသားအရေကို ရေဓာတ်ပြည့်ဝပြီး စိုပြေတင်းရင်းစေချင်သူများ