JEJU SKIN

All in 1 Cleansing Foam

လာဗင်ဒါနဲ့ ရှားစောင်းလက်ပတ်တို့ရဲ့ အစွမ်းကြောင့် အသားအရေကို အေးမြလန်းဆန်းစေတဲ့ Jeju Skin All in 1 Cleansing Foam ဟာ အညစ်အကြေးတွေကို ထိရောက်စွာ ဖယ်ရှားပေးတဲ့အပြင် အစိုဓာတ်ကိုလည်း ဆွဲဆောင်ဖြည့်တင်းပေးတာကြောင့် နူးညံ့ချောမွေ့တဲ့ ခံစားမှုကို ရရှိစေမှာပါ။ ချွေးပေါက်ပိတ်ဆို့မှုတွေကို သန့်စင်ဖယ်ရှားပေးပြီး မျက်နှာသစ်ပြီးတိုင်းမှာ ကျန်းမာ၊ လန်းဆန်းပြီး တောက်ပကြည်လင်တဲ့ အသားအရေကို ပိုင်ဆိုင်နိုင်စေမှာ ဖြစ်ပါတယ်။

Size ------------- ၁၅၀ မီလီလီတာ (150 ml)
Effect ----------- အသားအရေကို ဖြူဝင်းတောက်ပစေခြင်း၊ ကြည်လင်စေခြင်းနှင့် အစိုဓာတ်ကို ပြည့်ဝစွာ ဖြည့်တင်းပေးခြင်း။
Retail Prices ----- 19,500 MMK
View More

JEJU SKIN

Whitening Toner

အသားအရေရဲ့ အကာအကွယ်လွှာ (Skin Barrier) ပျက်စီးခြင်းနဲ့ ရေဓာတ်၊ ဆီဓာတ် ခမ်းခြောက်ခြင်းတို့ကြောင့် ဖြစ်ပေါ်လာတဲ့ ပြဿနာတွေကို ထိရောက်စွာ ကုသပေးနိုင်တဲ့ Jeju Skin Whitening Toner ဟာ အသားအရေကို အစိုဓာတ် အပြည့်အဝ ပြန်လည်ဖြည့်တင်းပေးပါတယ်။ ချွေးပေါက်များကို သန့်စင်ပေးနိုင်တဲ့အပြင် အသားအရေကို တင်းရင်းဝင်းပစေတဲ့ အာနိသင်ကိုလည်း ပေးစွမ်းနိုင်ပါတယ်။

Size ------------- ၁၀၀ မီလီလီတာ (100 ml)
Effect ----------- အသားအရေကို ဖြူစင်ဝင်းပစေခြင်း၊ တင်းရင်းစေခြင်း။
Retail Prices ----- 28,500 MMK
View More

JEJU SKIN

Moisturizing Gel

Toner၊ Serum နဲ့ Essence ၃ မျိုးစလုံးရဲ့ အာနိသင်တွေကို တစ်ခုတည်းမှာ ပေါင်းစပ်ထားတဲ့ Jeju Skin Moisturizing Gel ဟာ ချွေးပေါက်ကျဉ်းစေခြင်း၊ အရေးအကြောင်းများကို သက်သာစေခြင်း၊ အသားအရေ ဖြူဝင်းစေခြင်း၊ အစိုဓာတ်နဲ့ အာဟာရဓာတ်များကို ပြည့်ဝစွာ ဖြည့်တင်းပေးခြင်း စတဲ့ ဘက်စုံအကျိုးကျေးဇူးတွေကို တစ်ပြိုင်နက် ပေးစွမ်းနိုင်ပါတယ်။

Size ------------- ၂၀ မီလီလီတာ (20 ml)
Effect ----------- Toner၊ Serum နှင့် Essence တို့ရဲ့ အာနိသင် ပေါင်းစပ်ထားခြင်း။
Retail Prices ----- 7,500 MMK
View More