Toner လား? Essence လား? နှစ်ခုစလုံးပါ …
သားဖြိုး 2025 ဖွင့်ကို Toner လိုတစ်မျိုး Essence လို တစ်ဖုံ သုံးလို့ရမယ့် 2in1 Whitening Toner လေးနဲ့ ဖွင့်လိုက်မယ်ဗျ…။
[REVIEW] JEJU SKIN Whitening Toner
JEJU SKIN Skincare တွေက ကိုရီးယားနိုင်ငံထုတ် (Made in Korea) တွေဖြစ်တယ်။
သားဖြိုး အနေနဲ့ အသစ်အသစ်တွေကို Reveiw မပေးခင်မှာ သေသေချာချာ အချိန်ယူပြီးသုံးလေ့ရှိတာ သားဖြိုး စာဖတ်သူတွေသိမှာပါ။
သားဖြိုး ခုလည်း JEJU SKIN ရဲ့ Whitening Toner ကို အချိန်တော်တော်လေးယူပြီးသုံးဖြစ်ခဲ့တယ်။
ဘာလို့လဲဆိုတော့ သားဖြိုးလို ဝက်ခြံထွက်တဲ့ အသားအရေပေါ်မှာ Whitening Toner ကိုတင်ဖို့က သားဖြိုး အတွက် စိန်ခေါ်မှု တစ်ခုလို့ပြောလို့ရတယ်။
ဒါပေမယ့် သားဖြိုး မျက်နှာ အသားအရေပေါ်မှာ သူကောင်းကောင်းအလုပ်လုပ်ခဲ့ပြီး သားဖြိုးသုံးနေတာဆိုရင် စိတ်ချရတဲ့ အခြေအနေ တစ်ခုကိုရောက်နေပြီမို့ Review လေးရေးပေးလိုက်တာပါ။
သားဖြိုး သူ့ကို စစသုံးသုံးချင်းမှာ သတိထားမိတာက Hydration ပါပဲ။
သူ့ကို မျက်နှာအသားအရေပေါ်တင်လိုက်တာနဲ့ အေးပြီး မျက်နှာ အသားအရေက ရေဓာတ်လုံး၀ ပြည့်သွားပြီး စိိုစို အိအိလေးကျန်ခဲ့တယ်။ မစိုးဘူးပေါ့ …။
သားဖြိုးက Toner သုံးတိုင်း Double Toning လုပ်လေ့ရှိတာမို့ ပထမ အဆင့် Cotton Pad နဲ့သုံးပြီး နောက်တဆင့်ကို လက်ထည့်မှာထည့်သုံးလေ့ရှိတယ်။
အဲ့အခါမှာ သူ့ကို သုံးပြီး Skin အနေအထားက သားဖြိုးလို Oily Skin သမားအတွက်က Essence & Serum အဆင့်ကိုတောင် ကျော်ပြီး Moisturizer အဆင့်ကိုတန်းသွားလို့ရတဲ့ အခြေအနေဖြစ်နေပြီလေ။
နောက်တစ်ခုက သူက Whitening ထက် Brightening ကိုအရင်ပေးတဲ့ Toner
သားဖြိုး အနေနဲ့ သူ့သုံးတာ တစ်လကျော်ကျော်မှာ မျက်နှာ အသားအရေက သိသိသာသာကြည်လာတာကိုတွေ့ရတယ်။
နေလောင်ပြီး ခြောက်သွေ့ ကြမ်းတမ်းသွားတဲ့ အသားအရေကို Smoothing & Soothing ကို Intensive Effect အနေနဲ့ ရတာကိုတွေ့ရတယ်။
သူက Whitening အတွက်ကို Arbutin ကိုသုံးထားပြီး Hydrating အတွက်ကို Glycein, Aloe Butyrospermum Leaf Extract, Sodium Hyaluronate ပါဝင်တဲ့အပြင် Hydrolyzed Collagen လည်းထည့်ပေးထားသေးတယ်လေ။
သားဖြိုး အနေနဲ့ တစ်ခုပြောချင်တာက အဖက်ဖက်ကနေပြည့်စုံနေပြီဖြစ်တဲ့ Toner မှာ Perfume ထည့်ထားတာကိုပဲ။ အနံ့ အနေနဲ့က Lavender သင်းသင်းလေးဆိုပေမယ့် အနံ့ Sensitive ဖြစ်တဲ့သူတွေအတွက် အဆင်ပြေမှာမဟုတ်ဘူး။
Texture လေးက Watery-Gel Texture ဖြစ်ပြီး Lightweight ဖြစ်တယ်။ အသားထဲစိမ့်ဝင်တာမြန်ပြီး မစေးကပ်ဘူး။
အပေါ်မှာပြောခဲ့သလိုပဲ လိမ်းပြီးတာနဲ့ ကျန်ခဲ့တဲ့ Finished က စိိုစိုအိအိလေး။
2Layers လောက်သုံးရင် Oily Skin ဆို Essence & Serum အဆင့်ကို ကျော်လို့ရတယ်။
သူ့ဗူးလေးကလည်း Air Pump နဲ့ဖြစ်တာမို့ အလေအလွှင့် မရှိသုံးလို့ရမယ်။
All Skin Type သုံးလို့ရတယ်။
အနံ့ Sensitive ဖြစ်တယ်ဆိုရင်တော့ သုံးဖို့အားမပေးဘူး။
Fungal Acne NOT Safe
သားဖြိုးသုံးခဲ့တဲ့ တလျှောက်တာ့ သူ့ပြောင်းသုံးလို့ အဆီဖုနဲ့ ဝက်ခြံထွက်လာတာမျိုး မရှိဘူး။
ဝက်ခြံကြောင့် ကျန်ခဲ့တဲ့ အမာရွတ်တွေ အရောင်မှိန်လာကတော့ သားဖြိုးရလိုက်တဲ့ Bonus ပေါ့။
Where to buy: JEJU SKIN ချစ်တဲ့စိတ်နဲ့ မျှဝေပေးတဲ့ Review လေးဖြစ်တာမို့ အချစ်တွေနဲ့ ဖတ်ပေးပါနော်
Treasure by Thar Phyoe