Bhitening Care စသုံးချင်ပြီဆိုရင် …
ဒီတလောထဲမှာ skin brightening အတွက် အရမ်း heavy မဖြစ်ဘဲ ပေါ့ပေါ့ပါးပါး routine လေးတစ်ခု air စမ်းဖြစ်နေတယ် .. နောက်ပြီး air ရဲ့ readers တွေကလည်း pigmented concern နဲ့ ဆယ်ကျော်သက်လေးတွေ သိပ်များတော့ သူ့ကို first impression + experience sharing လေးလုပ်ပေးလိုက်တယ်နော်
Jeju Skin ကို ဒီကသူတွေ သိပ်မရင်းနှီးလောက်သေးဘူးထင်တယ် Air လည်း ဒီတစ်ခေါက် collab လုပ်ရင်းနဲ့မှ သေချာတီးမိခေါက်မိတာမို့ Brand history လေး အတိုချုံးပြောပြမယ် သူက Korea မှာ manufacture လုပ်ပြီး ဒီကို import လုပ်ထားတဲ့ localized brand လို့ ဆိုရမယ်ပေါ့နော် ဒီနိုင်ငံရဲ့ climate changes, lifestyle, skin concerns ဒါတွေကို target ထားပြီး produce လုပ်ထားတာမို့ တချို့အပိုင်းတွေမှာ အားရစရာရှိတယ်၊ ထို့အတူ personally အားနည်းတယ်လို့ မြင်မိတဲ့ အပိုင်းတွေလည်းရှိတယ်
Ok! ဒါဆို products အကြောင်း ဆက်ရအောင် ..
အရင်ဆုံး သူကတော့ ‘whitening’ လို့ဆိုထားပေမယ့် ကတ်သီးကတ်သတ်များတဲ့ air အတွက်တော့ ‘brightening’ လို့ပဲ ခံယူထားတယ် Air’s POV အရဆို _ သူ့မှာ pigmentation အတွက် ကောင်းပေ့ဆိုတဲ့ ingredients အတော်လေးပါတယ် ( Arbutin, GFF, Nia, Morus Alba Bark extract,.. ) ဒါပေမယ့် အဲ့လိုဆိုပြီး အရမ်း strong ဖြစ်နေတဲ့ ပမာဏတော့မဟုတ်ဘူး Beginner-friendly ဖြစ်အောင် ပါပါးစီပုတ်ပေးထားတဲ့ ပုံစံမျိုးကွာ ..
ဆိုတော့ .. Air လတ်တလော သုံးနေသလောက် experience အရ မသုံးဖူးတဲ့ active တွေပါတာတောင် irritate ထဖြစ်တာမျိုး မရှိဘူး၊ နောက်ပြီး product texture တွေက ဒီကသူတွေအများစု အင်မတန်ကြိုက်လောက်မယ့် အသားပေါ်မှာ အေးအေးလေးနဲ့ စိမ့်ဝင်လွယ်တဲ့ပုံစံမျိုး၊ အဆီပြန်လွယ်တဲ့ ချွေးပေါက်ကျယ်တဲ့သူတွေဆို သေချာပေါက် သဘောကျလိမ့်မယ်
Over 2 weeks result အနေနဲ့ကတော့ instant finish မှာ အဆီမပြန် shiny မဖြစ်ဘဲ ညက်ညက်သိပ်သိပ်လေးနဲ့ lightweight ဖြစ်လွန်းတာမို့ လိမ်းရနေရ သက်သောင့်သက်သာရှိတယ် သူပြီးလို့ sunscreen ထပ်လိမ်းရင်လည်း oxidize ဖြစ်တာသက်သာစေလို့ မျက်နှာကြီးမည်းသွားတာမျိုးမဖြစ်ဘူး .. အသားလေးပိုကြည်လာတယ်’ဆိုတာမျိုးတော့ air သိပ်ထည့်မပြောချင်ဘူး Regular routine ထဲမှာ ထည့်ပြီးစမ်းခဲ့တာမို့ သူ့ကြောင့်ပဲဆိုတာ 100% ensuring မဖြစ်ဘူးလေ ..
သို့ပေမယ့် .. Air ပြောနိုင်တာကတော့ 30000 ပတ်ဝန်းကျင်နဲ့ ရနိုင်တဲ့ K-beauty products တွေထဲမှာ brightening concern အတွက်လည်း လိုချင်တယ်၊ safety လည်း ရှိရမယ်၊ ပေါ့ပေါးပါပါး အေးအေးလူလူလေးလည်း ကြိုက်တယ်ဆိုရင် ဒီတစ်ခုကို try ကြည့်ပါလို့ ..
Air for Care