မျက်နှာ ညစ်ထေးနေတာကို သက်သာစေပြီးအသားအရေ ကြည်လင်စေချင်တဲ့သူတွေအတွက်Toner ကောင်းတစ်ခု…
JEJU Skin Whitening Toner
Toner တစ်ခုဆိုတာထက် ပိုသေးတယ်၊ ဒီ toner ကို တစ်ဘူးဆောင်ထားရုံနဲ့လေ Toner လိုရောEssence အနေနဲ့ပါ သုံးလို့ အဆင်ပြေတယ်ရယ်။
Why???
အဓိက သူ့ texture ကြောင့်၊ Gel-Like Texture ဆိုတော့လေပုံမှန် toner texture မျိုး မဟုတ်ဘဲ…လိမ်းလိုက်ရင် gel serum တစ်ခုကို မျက်နှာပေါ် ဖြန့်လိမ်းနေရတဲ့ ခံစားချက်ကို ရတယ်၊ အသားအရေအတွက်nourish အတွက်ကိုပါ ဖြစ်စေသေးတယ်၊ စေးကပ်တာလဲမရှိဘဲ အေးအေးလေးနဲ့ အိအိလေးဖြစ်စေပါတယ်။
Ingredients အနေနဲ့ကလည်း Whitening & Brightening ဖြစ်စေဖို့ကို Arbutin ကို အသုံးပြုထားတယ်၊ သူက skin discoloration ဖြစ်တာတွေကို သက်သာစေပြီးskin tone ကို improve ဖြစ်စေပါတယ်။
သူကလေ အသားအရေကို ဝုန်းတိုင်းကြီး whitening ပုံစံရစေတာမျိုးမဟုတ်ဘဲ၊ တဖြည်းဖြည်းချင်း အသားအရေကိုကြည်လာစေပြီး healthy clear skin look ကို ရစေပါတယ်။
အမာရွက်လေးတွေဆို သုံးနေရင်း မှိန်းလာတာကိုသတိထားမိတယ်။ နဂိုထက် မျက်နှာ clear ပိုဖြစ်လာပါတယ်။
Hydration ကလည်း အပိုအလိုကို ပြောစရာမရှိဘူး၊သူ့အထဲမှာ Hydrolyzed Collagen, Hyaluronic Acid, Aloe Vera, Glycrein & Vitamin E တို့ကို အချိူးကျကျထည့်ထားတာ တွေ့ရပါတယ်။ ကျွန်တော်ကတော့ဒီတစ်ခုကို 2 layers လောက်လိမ်းပြီး moisture ပါးပါးလေးအုပ်ရင်ကို အဆင်ပြေနေပြီ။ လိမ်းပြီးရင် တော်တော်လေးစိုတက်လာတာမျိုးပါ။
တစ်ခုက ဒါကို သုံးပြီး ဝက်ခြံဖြစ်တာ၊ ပိုကြွလာတာမျိုး မရှိဘူး၊ formula အရလည်း stable & gentle ဖြစ်လို့လည်း ပါမယ်။ ဒါပေမယ့် ရနံ့ပါတယ်၊ Fragrance နဲ့ မတည့်ရင်အရမ်းအဆင်မပြေလောက်ပါဘူး။
Recommended Skin Types: All Skin Types သုံးလို့ရပါတယ်၊ ဒါပေမယ့် ရနံ့နဲ့ sensitive ဖြစ်တတ်တဲ့သူကလွဲရင်ပေါ့နော်။
SkinCare by Aung