FAQ: မျက်နှာညစ်ပြီး အဆီဖုထွက်လွယ်တဲ့ အသားအရေအတွက် ဘယ် facial foam သုံးရမလဲ ???
Ans: Air ကတော့ ဒီတစ်ခုကို recommend လုပ်ပေးမယ် ..
ဘာလို့လဲဆိုရင် _
*အမြှုပ်ကောင်းကောင်းထွက်ပြီး cleansing နိုင်တာမျိုးလည်း လိုချင်တယ်
*ဒါပေမယ့် natural oils တွေပါမသွားဘဲ စိုစိုအိအိ finish လေးလည်း ကျန်ချင်တယ်
*မနက်/ည daily သုံးမှာမို့ strong active တွေမပါဘဲ ဘယ် routine မှာမဆို ထည့်သုံးချင်တယ်
*Nia တို့ GFF တို့လို brightening concern ကို supporting လုပ်မယ့် ingredients တွေကိုလည်း risk မယူဘဲ ပေါ့ပေါ့ပါးပါး စ try ချင်တယ်
*Acne-prone skin မို့ မသက်သာရင်တောင် သူ့ကြောင့်ပိုမဆိုးတာမျိုးပဲ လိုချင်တယ်
*စျေးနှုန်းကလည်း ၂သောင်းဝန်းကျင်လောက်ဆို ပိုကောင်းမယ် .. စတဲ့ အပေါ်ကအချက်တွေနဲ့ ကွက်တိကျနေပြီဆိုရင်တော့ ဒီ facial foam က must buy ပါပဲ!
Air သူ့ကို ရှေ့တစ်ခေါက်ကလည်း intro တစ်ခါဝင်ခဲ့ဖူးတယ် ခုကတော့ သုံးပုံ၁ပုံလောက်ပဲ ကျန်တော့တဲ့ အနေအထားမှာပါ အဓိက morning cleanser အနေနဲ့ ပိုသုံးဖြစ်တယ် ( ညဖက်ကျ Arencia နဲ့ Clay mask တလှည့်စီမို့ ) သူ့ကို ဒီကြားထဲ purging acne ဖြစ်နေတုန်းတော့ ခဏရပ်ထားခဲ့သေးတယ် သူ့မှာက အနံ့ဖျော့ဖျော့လေးပါတဲ့အပြင် ferment လည်းပါတာမို့ air လို fungal-prone အတွက်ကျ risk ယူရလို့ ခဏရပ်လိုက်တာ ခုသက်သာသွားတော့ morning ဆို သူပဲ ..
Air ဆီမှာ အသက် ၁၆ ကနေ ၂၅ ကြား skin problem အထွေအထူးမရှိဘဲ ပေါ့ပေါ့ပါးပါးနဲ့ effective ဖြစ်တဲ့ cleanser လေး ညွှန်းပေးပါဦးဆို ဒါလေးပဲ ညွှန်းဖြစ်တယ် အများစုဆီက အဆင်ပြေတယ်ပဲ ပြန်ကြားရတယ် ဒီတော့ air ရဲ့ readers လေးတွေနဲ့လည်း အဆင်ပြေမယ်ထင်လို့ ပြန်ရေးပေးတာပါ
Air for Care