စျေးသက်သာပြီး သုံးလို့ကောင်းတဲ့ Skincare များ

Review By Nyi ရဲ့ အမြဲလုပ်ပေးနေကြ Budget Skincare Series လေးကနေ ပြန်လည်ကြိုဆိုပါတယ်။ နောက်ပိုင်းမှာ ဒီ series လေး Nyi သိပ်မတင်ဖြစ်ဘူးနော် သတိထားမိကြလားတော့ မသိဘူး။ စျေးကွက်ထဲမှာ စျေးချိုချိုနဲ့ ဝယ်လို့ရတဲ့ပစ္စည်းတွေ အများကြီးပဲ ဒါပေမဲ့ ကိုညီဘာလို့ review မရေးတာလဲဆိုရင် စိတ်တိုင်းကျမနေလို့ပါ။ Budget သက်သာတဲ့ skincare သည်လဲ သုံးလို့ကောင်းနေရမယ်၊ စျေးချိုလို့ဆိုပြီး ဖြည့်တွေးပေးရတာမျိုး ကြီးကြီးမားမားမရှိရဘူးလို့ Nyi ထင်ပါတယ်။ အထူးသဖြင့် အသားအရေပေါ်မှာ စိတ်ချရမှုနဲ့ ပစ္စည်းစစ်မှန်မှုကတော့ No.1 ပေါ့နော်။ Budget save ပစ္စည်းကောင်းကောင်းလေးတွေ Nyi ရှာမတွေ့တာ ကြာပါပြီ။ ဒါလေးက Nyi ရဲ့ ရှားရှားပါးပါး New discovery ပေါ့။

JEJU SKIN ဆိုတဲ့ Korea brand ကနေ ထုတ်ထားတယ်။ Products အများကြီးမထွက်သေးတဲ့ JEJU SKIN အတွက်တော့ ဒီအိတ်ဆောင် skincare အထုတ်လေးတွေက Outstanding ဖြစ်နေပါတယ်။ ပေါက်မယ့် products လေးတွေလို့ Nyi ကတော့ တွေးတယ်။ သူ့ရဲ့ concept က skincare minimalist ဖြစ်စေဖို့၊ ကိုယ့်ရဲ့တစ်နေ့တာမှာ skin care ရတာက ဝန်ပိုစရာအလုပ်တခုမဖြစ်ဘဲ comfort & easy ဖြစ်ဖို့ ရည်ရွယ်ပြီး ထုတ်လုပ်ထားတယ်ပေါ့နော်။

  • မနက်ခင်းလိမ်းဖို့ Sunscreen
  • ညဘက်လိမ်းဖို့ Moisturizer
  • Makeup အတွက် BB cream

Nyi ကတော့ moisturizer နဲ့ sunscreen လေး စမ်းသုံးထားပါတယ်။ သုံးတဲ့တလျှောက် အတွေ့အကြုံရယ်၊ Nyi ဘာကြောင့်ကြိုက်လဲဆိုတာရယ် ပြောပြသွားမယ်နော်။

JEJU SKIN Jeju Moisturizing Gel

မြန်မာပြည်ရာသီဥတုနဲ့ကိုက်ညီအောင် gel type ကို ရွေးချယ်ထားတယ်လို့ Nyi မြင်ပါတယ်။ သူ့ texture က ကျဲကျဲလေးနဲ့ အေးအေးလေး။ ပူလွန်းတဲ့နေ့ခင်းဘက်မှာ လိမ်းတာတောင်မှ အသားပေါ်မှာ ရေခဲတုံးလေးပွတ်ရသလို အေးမြလန်းဆန်းနေရော။ အနံ့လေးကလဲ refresh ဖြစ်ပြီး စိတ်ကိုကြည်လင်စေတယ်။ သူ့တခုတည်းလိမ်းဖို့ အဆင်ပြေအောင် ထုတ်ထားတဲ့အတွက် hydrating အပိုင်းမှာလဲ အားရဖို့ကောင်းတယ်။ စျေးကြီးတဲ့ gel moisturizer တွေနဲ့ကို ကောင်းကောင်းကြီးယှဉ်နိုင်တယ်လို့ ပြောပါရစေ။ Acne skin safe ဖြစ်လို့ ဝက်ခြံအဆီဖုထွက်နေတဲ့အချိန်မှာပါ သုံးလို့ရတယ် ဒါပေမဲ့ သူက ရေဓာတ်ဖြည့်ရုံ Antioxidant benefit ရရုံပဲမလို့ ဝက်ခြံအဆီဖုပိုမဆိုးစေသလို သူ့ကြောင့်သက်သာလာတာမျိုးလဲ ရှိမှာမဟုတ်ပါဘူး။ ပါဝင်ပစ္စည်းတွေကလဲ တော်တော်လေးကောင်းတယ်လို့ ပြောရမယ်။ Alcohol, Fragrance နဲ့ Essential oil free ဖြစ်ပြီး hydrating အတွက် Glycerin, Hyaluronic acid, Betaine, Aloe leaf juice နဲ့ moisture retaining အတွက် Botanical oils ကောင်းကောင်းလေးတွေ သုံးထားတာမြင်ရပါတယ်။ Overall ကြည့်ရင် Nyi တော့ အပြစ်ရှာစရာကိုမတွေ့မိဘူး။ စျေးသက်သက်သာသာနဲ့ gel moisturizer ကောင်းကောင်းလေး သုံးကြည့်ချင်ရင် must try!!

JEJU SKIN Moisture Airyfit Daily Sun Cream

50ml ဗူးသာ ကောက်ထုတ်လိုက်လို့ကတော့ ရှယ်ပါပဲ။ သုံးဖူးတဲ့ sunscreen ပေါင်းများစွာထဲမှာ finish အလှဆုံး sunscreen တွေထဲက တခုပဲ။ သူ့ texture က very breathable & airy ဖြစ်တယ်။ လိမ်းထားရင် မျက်နှာပေါ်မှာ အလွှာတခုတင်ထားရသလိုမဖြစ်ဘဲ အရမ်းသက်သောင့်သက်သာရှိတယ်။ အနံ့က Ice အနံ့လိုမျိုးလေး။ သူ့မှာထူးခြားချက်က ဘယ် sunscreen မှာမှ မတွေ့ဖူးတဲ့ cooling effect ပါဝင်တာပဲ။ လိမ်းလိုက်ရင် အသားအရေက skin temperature လျော့သွားပြီး heated skin ကို သက်သာစေတယ်၊ မျက်နှာရဲတာကို အရောင်ကျသွားစေတယ်။ သူက Hybrid sunscreen ပါ။ Zinc oxide, Titanium dioxide 2ခုလုံးပါဝင်ပြီး chemical UV filters တချို့လဲ တွေ့ရတယ်။ Fragrance တော့ပါတယ် ဒါပေမဲ့ Alcohol free! Vitamin E, Sodium hyaluronate, Panthenol, Niacinamide, Allantoin, Hydrolyzed collagen စသဖြင့် ingredients ကောင်းတွေ အများကြီးမြင်ရပါတယ်။ သူ့ရဲ့ finish ကလေ အရမ်းကိုလှတာ hydrating သေချာဖြစ်သလို အဆီပါဝင်တဲ့ခံစားချက်လဲ မရှိသလောက်ပဲ။ Tone တဆင့်လင်းသွားသလိုဆိုပေမယ့် ညိုသူဖြူသူအကုန်အဆင်ပြေတဲ့ပုံစံမျိုး။ အဆီတွေပြန်တာ မျက်နှာမဲတာတွေလဲ လုံးဝမဖြစ်ဘူး။ Highly recommend!!

သူ့ရဲ့စျေးနှုန်းက ဘယ်လောက်လို့ထင်လဲနော်။ 20ml တထုပ်ကို 7500ks ပဲ ရှိတယ်ဗျာ။ တန်မတန်သိချင်ရင် 50ml ဆို ဘယ်လောက်ဖြစ်မလဲ တွက်ကြည့်လိုက် 2သောင်းအောက်မှာပဲရှိလို့ အရမ်းကိုတန်လွန်းပြီး သုံးကောင်းလို့ Nyi ကတော့ အားလုံးကို try ကြည့်စေချင်တယ်။

Gallery