JEJU SKIN ဆိုတာ ရိုးရှင်းပြီး သန့်စင်တဲ့ အလှတရားကို မြန်မာပြည်သူ/သားတို့ရဲ့ နေ့စဉ်ဘဝထဲကို ယူဆောင်လာပေးဖို့ ဖန်တီးထားတဲ့ မြန်မာ Skincare Brand လေးတစ်ခုပါ။
JEJU SKIN Product တိုင်းမှာ တောင်ကိုရီးယားနိုင်ငံက တိုက်ရိုက်တင်သွင်းတဲ့ အဆင့်မြင့်ကုန်ကြမ်းတွေကိုသာ အသုံးပြုထားပြီး အရည်အသွေး၊ ဘေးကင်းမှုနဲ့ ထိရောက်မှုတို့အတွက် အထူးဂရုစိုက် ရွေးချယ်ထားပါသည်။ မြန်မာနိုင်ငံရဲ့ ရာသီဥတု၊ မြန်မာအသားအရေနဲ့ အဆင်ပြေဆုံးဖြစ်အောင် အထူးထုတ်လုပ်ထားပြီး နေ့စဉ် Skincare လုပ်တဲ့အခါ အဆင့်အများကြီးနဲ့ ရှုပ်မနေဘဲ ထိရောက်တဲ့ ရလဒ်ကို ပေးစွမ်းဖို့ ရည်ရွယ်ပါသည် ။
အသားအရေထိန်းသိမ်းခြင်းက ပေါ့ပေါ့ပါးပါးနဲ့ စိတ်ချမ်းသာစရာကောင်းတဲ့ အလေ့အကျင့်လေးတစ်ခု ဖြစ်ရမယ်လို့ Jeju Skin က ယုံကြည်ပါသည်။ ဒါမှလည်း နေ့စဉ်ဘဝမှာ အသားအရေအတွက် စိတ်ပူစရာမလိုဘဲ ကြည်လင်လန်းဆန်းပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့ ဖြတ်သန်းနိုင်မှာပါ။
ကျွန်မတို့၏ ရည်မှန်းချက်က ကိုရီးယားနိုင်ငံထုတ် အဆင့်မြင့် Skincare များကို သင့်တင့်သောဈေးနှုန်းဖြင့် လူတိုင်းလွယ်ကူစွာ အသုံးပြုနိုင်စေရန် ၂၀၂၄ ခုနှစ်တွင် Whitening Care Series (Emulsion၊ Toner နှင့် All-in-One Cleansing Foam) တို့ဖြင့် JEJU SKINကို စတင်ခြေလှမ်းခဲ့ပါသည်။
လူတိုင်းအတွက် ယုံကြည်စိတ်ချရတဲ့ အလှအပလက်တွဲဖော်ဖြစ်လာဖို့ ကျွန်မတို့ရဲ့ ပထမဆုံးခြေလှမ်းကနေ နောက်ထပ် Skincare ထုတ်ကုန် အသစ်လေးတွေနဲ့ လှသထပ် ပိုလှအောင် ကူညီပေးပါရစေရှင်။
JEJU means “Raw Materials come from sourcing premium grade raw material of JEJU Island”
SKIN represents “Value the beauty of skin”